
သင့် Windows ကို Shutdown ပြုလုပ် ချိန်ဟာ အလွန် ကြာမြင့် နေတယ် ဆိုရင် အောက်က နည်းလမ်း များကို အသုံးပြု နိုင်ပါတယ်။
နည်းလမ်း များဟာ အလွန် ရိုးရှင်းပြီး ပြုလုပ်ဖို့ စက္ကန့် ပိုင်းသာ ကြာမြင့် ပါတယ်။
Keyboard Shortcuts
ဝင်းဒိုးရဲ့ နာမည် အကြီးဆုံး Shortcut ဖြစ်တဲ့ Ctrl+Alt+Del ဟာ ၀င်းဒိုးကို Shutdown ပြုလုပ်ဖို့ သုံးနိုင်ပါတယ်။ Windows 7 မှာရော
Windows 8 မှာပါ Shortcut ကို နှိပ်ပြီးရင် ညာဘက်အောက်ထောင့်က Power Button ကို နှိပ်ပြီး Shutdown လျှင်မြန်စွာ ချနိုင်ပါတယ်။
Windows 7 နဲ့ 8 မှာပါ သုံးနိုင်တဲ့ နောက်ထပ် Shortcut တစ်ခုက Desktop ကို Select လုပ်ပြီး Alt+F4 ကို နှိပ်ပါ။ ဒါဆိုရင် Shutdown
Dialog ပေါ်လာမှာပါ။ Desktop ကို Select လုပ်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် အခြား Program တစ်ခုကို ပိတ်ပစ်မှာပါ။
Power Options ကို ပြုပြင်ပါ။
သင့်ရဲ့ Laptop ကို Shutdown ပြုလုပ်ဖို့ Power Button ကိုနှိပ် ဒါမှမဟုတ် Laptop မျက်နှာပြင်ကို ကီးဘုတ်နဲ့ ကပ်နိုင်ပါတယ်။ ဒီလို ပြု
လုပ်ဖို့ Power Options ထဲမှာ ရွေးချယ်နိုင်ပါတယ်။ Battery ဒါမှမဟုတ် Plugged In နဲ့ အသုံးပြုနေချိန်မှာ ပြုလုပ်ရမယ့် အလုပ်တွေကို
သီးခြား သတ်မှတ်နိုင်ပါတယ်။ Control Panel > Hardware and Sound> Power Options ရဲ့ ဘယ်ဘက် Sidebar မှ “Choose
what the power buttons do” ကို နှိပ်ပြီး သတ်မှတ်နိုင်ပါတယ်။
Services များကို လျှင်မြန်စွာ ပိတ်ပါ။
ဝင်းဒိုးကို Shutdown ပြုလုပ်ရင် ၀င်းဒိုးက Services များကို အရင် ပိတ်ရပါတယ်။ အဲဒီ ပိတ်ချိန်ကို လျှော့ချခြင်းဖြင့်လည်း Shutdown
ပြုလုပ်ချိန်ကို မြန်ဆန်စေနိုင် ပါတယ်။ ဒီလို ပြုလုပ်ဖို့ Windows + R ကို နှိပ်ပြီး regedit လို့ရိုက်ပြီး အန်းတားနှိပ်ပါ။ Registry Editor
ပေါ်လာရင် HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control ကို သွားပြီး WaitToKillServiceTimeout အပေါ်
မှာ Double Click နှိပ်ပါ။ Value ကို 12000 မှ 2000 သို့ ပြောင်းပြီး Ok နှိပ်ပါ။ သင် Shutdown ပြုလုပ်လိုက်တာနဲ့ ၁၂ စက္ကန့်အစား
၂ စက္ကန့် အတွင်းမှာ Services များကို ပိတ်ပေးမှာပါ။
Quick Shutdown Shortcut ပြုလုပ်ပါ။
Keyboard Shortcut မသုံးချင်ရင် Quick Shutdown Shortcut ပြုလုပ်ပါ။ Shortcut ကို Desktop ဒါမှမဟုတ် Quick Launch Bar ဒါ
မှမဟုတ် Windows 8 မှာ ဆိုရင် Start Screen မှာ ထားရှိနိုင်ပါတယ်။ Quick Shutdown Shortcut ပြုလုပ်ဖို့ Desktop ပေါ်မှာ Right
Click နှိပ်ပြီး New>Shortcut ကို နှိပ်ပါ Location of the item မှာ shutdown.exe/s/t 0 ကို ရိုက်ထည့်ပါ ပြီးရင် Next နှိပ်ပြီး နောက်
အဆင့်မှာ နာမည်ပေးပြီး Finish ကို နှိပ်ပါ။
Desktop ပေါ်မှာ ပြုလုပ်ပြီးတဲ့ Shortcut ရဲ့ အိုင်ကွန်ကို ပြောင်းဖို့ Shortcut ပေါ်မှာ Right Click နှိပ်ပြီး Properties ထဲမှာ ပြောင်း
လဲနိုင်ပါတယ်။ Shortcut ကို Drag ဆွဲပြီး သင့်အတွက် အသုံးဝင်ဆုံးနေရာမှာ ထားနိုင်ပါတယ်။
Command Line Shutdown
Command Line Shutdown ကို အပေါ်မှာ အနည်းငယ် ရှင်းပြပြီးပါပြီ။ ဒါပေမယ့် Syntax များပေါ်မူတည်ပြီး Shutdown ပြုလုပ်နိုင်တဲ့
Options များစွာ ရှိပါသေးတယ်။ Shutdown.exe/s/t 0 မှာ ဆိုရင် s က shutdown ပြုလုပ်ဖို့ ခိုင်းတဲ့ Syntax ပါ။ /t 0 က Shutdown
မလုပ်ခင် စောင့်ဆိုင်းရတဲ့ အချိန်ပါ။ 0 ပေးထားတဲ့ အတွက် အချိန်မစောင့်ဆိုင်းဘဲ Shutdown လုပ်မှာပါ။ 0 နေရာမှာ နှစ်သက်ရာ အ
ချိန်အတိုင်းအတာ တစ်ခုကို သတ်မှတ်နိုင်ပါတယ်။ /s နေရာမှာ /r လို့ ပြောင်းရင် Shutdown မလုပ်ဘဲ Restart လုပ်မှာပါ။ /f ထည့်
လိုက်ရင် Program အားလုံးကို Force Close လုပ်မှာပါ။
Microsoft TechNet ၀က်ဆိုက်မှာ Syntax အားလုံးကို အသေးစိတ်ရှင်းလင်းထားပါတယ်။ အဲဒီ ၀က်ဆိုက်ကို အောက်က လင့် ကနေ သွားရောက်နိုင်ပါတယ်။
Command Line ကို သုံးဖို့ Win+R ကို နှိပ် ရမှာ ဖြစ်ပါတယ်။ Run Dialog ပေါ်လာရင် နှစ်သက်ရာ Command ကို ရိုက်ထည့်ပြီး
အန်းတားနှိပ်ပါ။
Windows 8.1 Update 1 ကို အဆင့်မြှင့်ပါ။
Windows 8.1 မှာ Shutdown ပြု လုပ်ဖို့ ပိုမို လျှင်မြန် လာပါတယ်။ Win+X ကို နှိပ်ရင် Power User Menu ပေါ် လာမှာ ဖြစ်ပြီး
Shutdown ပြု လုပ်ဖို့ Option ကို တွေ့ရ မှာပါ။ Windows 8.1 Update 1 မှာ Start Screen မှ Profile Photo ရဲ့ဘေးမှာ Shut
down ခလုတ်ကို တွေ့နိုင်မှာပါ။
Windows ကို Shutdown ပြုလုပ်ရင် အချိန် အတော်ကြာ စောင့်ဆိုင်း နေရ သူတွေ အတွက် ဒီနည်း တွေက အသုံးဝင် စေမှာပါ။
Myanmar Digital Life Journal မှ ကူးယူ မျှဝေသည်။

No comments :
Post a Comment